Events
The 2020 International Emergency Response Technology & Equipment Innovation Exhibition (IERTE 2020) ပြပွဲ ကျင်းပမည်
Updated At: 2020-09-08 03:58:27
“The 2020 International Emergency Response Technology & Equipment Innovation Exhibition (IERTE 2020)” ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shandong ပြည်နယ်၊ Qingdao မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ပါဝင်တက်ရောက်ပြသရန် ဖိတ်ကြားလာပါသည်။ အဆိုပါပြပွဲသည် အရေးပေါ်အခြေအနေ တုံ့ပြန်မှုဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့်ပတ်သက်သည့် ထုတ်ကုန်အသစ်များ ပြသနိုင်ရန်နှင့် နည်းပညာအသစ်များ မိတ်ဆက်နိုင်ရန်၊ ဖြန့်ဝေမည့်သူများနှင့် ချိတ်ဆက် နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။ အဆိုပါပြပွဲသို့ မြန်မာနိုင်ငံအနေဖြင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဈေးကွက်ရှာဖွေနိုင်ရန် ခင်းကျင်းပြသသူများ၊ ဝယ်ယူသူများနှင့် ထောက်ပံ့သူများ ပါဝင်တက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားလာပါသည်။ ပြပွဲနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို Zheng Shuping ၊ Tel: 86 10 632 02037 ၊ 1380 1134 609 ၊ Email- Zheng [email protected]၊ website www. Emergencyshow.cn သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ဖော်ပြပါရှိပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များ သိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email: [email protected]၊ moctradefair@ myantrade.gov.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
Event Details
- Date
- Updating
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shandong ပြည်နယ်၊ Qingdao မြို့
- Website
- www.myantrade.org
More Events
Food Expo Pro 2025 ပြပွဲ ကျင်းပမည်
Date: 14th to 16th August, 2025
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025